Showing posts with labelှSong. Show all posts
Showing posts with labelှSong. Show all posts
Saturday, May 19, 2012
မောင့်ချစ်သူ ဗမာမလေး
သူ့ ရည်းစားကလေးက သားမိန်းကလေးချစ်
ငေးလို့ ကြည့်လိုက် အိမ်မက်မှာတွေးရင်း
ကျနော့်ချစ်သူ ဘယ်လိုဘယ်ပုံလှတယ်
ပြောပြမလား စကားပုံတောင်ရှားတယ်
သနပ်ခါးကို ဘယ်ညာလူး
ဆံထုံလေးပါထုံး ဗမာရင်ဖုံးလေးနဲ့  လိုက်ပါတယ်
ကြည့်စမ်းကွာ မြင်သူငေး ချောလှပါတယ်
မောင့်ချစ်သူ ဗမာမလေးရယ်...
ခြေဖ၀ါးမှာ ပုံတော်ဖိနပ် ပန်းနုရောင်လေး
ခြေတစ်လှမ်းတသန်းမက ထိုက်တန်တယ်
ကြည့်စမ်းကွာ မြင်သူငေး ချောလှပါတယ်
မောင့်ချစ်သူ ဗမာမလေးရယ်...
ပန်းပန်တဲ့ချစ်သူကေသာ
နမ်းသူမြူလုံမင်းရဲ့ အလှဝေဖြာ...
နန်းစံတဲ့သူ့ ရဲ့ အမူယာ
မောင်အသည်းစွဲ ချစ်သူပျိုမေဟာ...
သနပ်ခါးကို ဘယ်ညာလူး
ဆံထုံလေးပါထုံး ဗမာရင်ဖုံးလေးနဲ့  လိုက်ပါတယ်
ကြည့်စမ်းကွာ မြင်သူငေး ချောလှပါတယ်
မောင့်ချစ်သူ ဗမာမလေးရယ်...
မိတ်ကပ်ပါးပါးလေးနဲ့ ဟန်နီ...
သနပ်ခါးနံ့ သင်းသင်းလေးမှာ
မွှေးမွှေးပေး တိတ်တိတ်လေး...
သူ့ ရည်းစားကလေးကသားမိန်းကလေးချစ်
ငေးလို့ ကြည့်လိုက် အိမ်မက်မတွေးရင်း
(ကျနော့်ချစ်သူ ဘယ်လိုဘယ်ပုံလှတယ်
ပြောပြမလား စကားပုံတောင်ရှားတယ်) ၂
သနပ်ခါးကို ဘယ်ညာလူး
ဆံထုံလေးပါထုံး ဗမာရင်ဖုံးလေးနဲ့  လိုက်ပါတယ်
ကြည့်စမ်းကွာ မြင်သူငေး ချောလှပါတယ်
မောင့်ချစ်သူ ဗမာမလေးရယ်
ပန်းပန်တဲ့ချစ်သူကေသာ
နမ်းသူမြူလုံမင်းရဲ့ အလှဝေဖြာ...
နန်းစံတဲ့သူ့ ရဲ့ အမူယာ
မောင်အသည်းစွဲ ချစ်သူပျိုမေဟာ
သနပ်ခါးကို ဘယ်ညာလူး
ဆံထုံလေးပါထုံး ဗမာရင်ဖုံးလေးနဲ့  လိုက်ပါတယ်
ကြည့်စမ်းကွာ မြင်သူငေး ချောလှပါတယ်
မောင့်ချစ်သူ ဗမာမလေးရယ်...
ချစ်တာတစ်ခုတည်းသိတယ်
ဒီသီချင်းလေးက ဒီသီချင်းတစ်ပုဒ်ပဲရှိလား ထင်ရအောင် ကျမက သီချင်းဆိုပြဖို့ ပြောတိုင်း ဒီတစ်ပုဒ်ပဲ အမြဲဆိုပြတတ်တဲ့ သူတစ်ယောက်အတွက် သတိတရနဲ့  တင်ဖြစ်သွားတာပါ...