ကောင်းကင်ကြီးကိုမော့ကြည့်ကာ
ငါ့မျက်ရည်တွေကိုသုတ်ဖို့  ကြိုးစားရင်းနဲ့ 
ချစ်သူကို လက်နက်ချအညံ့ခံဖို့ 
ငါ့ရင်ခွင်တစ်ခုလုံး အလံဖြူတွေနဲ့ ချည်တော့
လမင်ကြီးက ကျေနပ်စွာ ငါ့ကိုပြုံးပြ
ကြယ်လေးတွေက မှိတ်တုတ်မှိတ်တုတ်နဲ့  ထောက်ခံလို့ 
ဒီလိုပဲဖြစ်ရမှာပေါ့...တဲ့....
နှင်း
၂၄.၆.၂၀၁၄
မနက် ၂း၂၀