Saturday, April 6, 2013

သတိရရမရရ

သတိရရမရရ
ရေး - နေမျိုးဆေး

ဆို - ဖြိုးကြီး

လေညှင်းကလေးကတိုးတိုးကလေးပြောသွားတယ်
မင်းချစ်သူမင်းကိုမေ့ပြီတဲ့
သူသတိရရမရရပေါ့ ကျွန်တော်ကတော့ မေ့လို့ မရပါဘူး

ငှက်ကလေးများက မကြားတကြားလေးပြောသွားတယ်
မင်းချစ်သူမင်းကိုမုန်းပြီတဲ့
သူမုန်းမုန်း မမုန်းမုန်းပေါ့ ကျွန်တော်ကတော့ မုန်းလို့ မရပါဘူး

တစ်လောကလုံးကပြောနေပြီ
မင်းကိုလေ မခံချင်ဘူး
ကိုယ်ဘယ်လို ပြောလိုက်ရမှာလဲ

တစ်လောကလုံးက မေးနေပြီ
ကိုယ့်ကိုလေ မခံချင်ဘူး
ကိုယ်ဘယ်လိုရင်ဆိုင်ရမှာလဲ
အချစ်ကလေးရယ်

ပန်းကလေးများက အချင်းချင်းလှမ်းပြောကြတယ်
ကျွန်တော့်ချစ်သူ သိပ်ရက်စက်တယ်တဲ့
သူရက်စက်စက် မရက်စက်ပေါ့
ကျွန်တော်ကတော့ မရက်စက်တတ်ပါဘူး

[တစ်လောကလုံးကပြောနေပြီ
မင်းကိုလေ မခံချင်ဘူး
ကိုယ်ဘယ်လို ပြောလိုက်ရမှာလဲ

တစ်လောကလုံးက မေးနေပြီ
ကိုယ့်ကိုလေမခံချင်ဘူး
ကိုယ်ဘယ်လိုရင်ဆိုင်ရမှာလဲ
အချစ်ကလေးရယ်] ၂

လမင်းလေးကို အနားကပ်လို့ မေးကြည့်မယ်
ကျွန်တော့်ချစ်သူ တကယ်မုန်းပြီလား
(ကျွန်တော်သူ့ ကိုလေ သိပ်ချစ်တာ
လမင်းရယ်သတိပေးလိုက်ပါဦး)၂



သူသတိရရ မရရ...ကျွန်မကတော့ သတိရနေမယ်ဆိုတာ.........

No comments: