Tuesday, December 31, 2013
31.12.2013
I wrote your name in the sky,
but the wind blew it away.
I wrote your name in the sand,
but the waves washed it away.
I wrote your name in my heart,
and forever it will stay.
"Happy 10th Anniversary, my dearest!"
Monday, December 30, 2013
နှလုံးသားအရင်းအနှီး
ဆို - အိုင်းရင်းဇင်မာမြင့်
♫ ♫ ♫ ရင်မှာ ခံစားရတဲ့အဖြစ်ကို မင်းကနားမလည်ဘူး.... 
ငါ့ရဲ့ဒဏ်ရာတွေ ခုထိတိုင် ရင်ထဲမှာ မကျက်သေးဘူး... 
ချိုသာတဲ့ စကားလေးများစွာ ပြောသမျှအဟုတ်ထင်ခဲ့....
အခုတော့ မှန်ရာကိုမှားတယ် ကြုံလာပြီမို့ မြင်လာပြီမို့ ....
ငါ အဝေးဆုံးကို ထွက်သွားလိုက်မှာပါ...
ငါတို့ အတိတ်တွေ တကယ်ပြီးဆုံးပြီပဲ...
နှုတ်ဆက်ကာသွားတော့မယ် ...♫ ♫ ♫
♫ ♫ ♫ နင်ကျေနပ်လို့ပျော်တယ်ဆို .... 
ငါရင်ကွဲပြီးငိုရလည်း ရှိပါစေ ဂရုမစိုက်နဲ့လေ မင်းကြိုက်ရာကိုရွေး ... 
ငါခံစားလို့နေရလည်း နင်စိတ်ချမ်းမြေ့တယ်ဆိုရင်ပြီးတာပဲ..... 
ခွင့်လွှတ်နားလည် ကျေနပ်ခြင်းအကြောင်းတရားများစွာ မင်းဆီမှာ....♫ ♫ ♫
♫ ♫ ♫ ငါခံစားရတဲ့အဖြစ်ကို မင်းကနားမလည်ဘူး.... 
ငါ့ရဲ့ဒဏ်ရာတွေ ခုထိတိုင် ရင်ထဲမှာ မကျက်သေးဘူး... 
ချိုသာတဲ့ စကားလေးများစွာ ပြောသမျှအဟုတ်ထင်ခဲ့....
အခုတော့ မှန်ရာကိုမှားတယ် ကြုံလာပြီမို့ မြင်လာပြီမို့ ....
ငါ အဝေးဆုံးကို ထွက်သွားလိုက်မှာပါ...
ငါတို့ အတိတ်တွေ တကယ်ပြီးဆုံးပြီပဲ...
နှုတ်ဆက်ကာသွားတော့မယ် ...♫ ♫ ♫
♫ ♫ ♫ နင်ကျေနပ်လို့ပျော်တယ်ဆို .... 
ငါရင်ကွဲပြီးငိုရလည်း ရှိပါစေ ဂရုမစိုက်နဲ့လေ မင်းကြိုက်ရာကိုရွေး ... 
ငါခံစားလို့နေရလည်း နင်စိတ်ချမ်းမြေ့တယ်ဆိုရင်ပြီးတာပဲ..... 
ခွင့်လွှတ်နားလည် ကျေနပ်ခြင်းအကြောင်းတရားများစွာ မင်းဆီမှာ....♫ ♫ ♫
Sunday, December 1, 2013
Sunday, November 17, 2013
ဆေးပေါင်းခတဲ့ည (၂)
ဆေးပေါင်းခတဲ့ည (၂)
ရေး - မင်းချစ်သူ
ဆို - ဇော်ဝင်းထွဋ်
ဆေးပေါင်းခတဲ့ညပေါ့ကွယ်
ဒီမှာကိုယ့်အနား မင်းရှိနေတယ်
ဒဏ်ရာတွေ အကုန်လုံးအဝေးသို့ လွင့်စင်
ကြင်နာသူအချစ်များ ဆေးဘက်ဝင်
ဆေးပေါင်းခတဲ့ညပေါ့ကွယ်
အာကာပြင်မှာလည်း နက္ခတ်စုံညီတယ်
ရှင်သန်ရင် ထာဝရဆေးဘက်ဝင်
ဝေဒနာတွေ ကုစားပေးမယ့်အချစ်တွေ
ကမ္ဘာမြေတည်နေသမျှ တည်ပါစေ
ဒါဆို ဒီညအတိုင်း အမြဲတို့ ဘ၀ဟာ
ဆေးပေါင်းခတဲ့ည
ကတိသစ္စာများ မြဲတဲ့အခါ
နွယ်ပင်မြက်ပင်တောင် ဆေးဘက်ဝင်တယ်တဲ့
ဒီအစဉ်အလာ ဆိုးရိုးစကားလေးအတိုင်းကွယ်
ကြင်နာသူအချစ်များ အစွမ်းပြတယ်
ဝေဒနာတွေ ကုစားပေးမယ့်အချစ်တွေ
ကမ္ဘာမြေတည်နေသမျှ တည်ပါစေ
စွဲမြဲတဲ့သစ္စာနဲ့  တို့ ဘ၀ဟာ
ဆေးပေါင်းခတဲ့ည
ဆေးပေါင်းခတဲ့ညပေါ့ကွယ်
ဒီမှာကိုယ့်အနား မင်းရှိနေပါတယ်
ဒဏ်ရာတွေ အကုန်လုံးအဝေးသို့ လွင့်စင်
ဆေးပေါင်းခတဲ့ညပေါ့ကွယ်
အာကာပြင်မှာလည်း နက္ခတ်စုံညီတယ်
ရှင်သန်ရင် ထာဝရဆေးဘက်ဝင်
(ဆေးပေါင်းခတဲ့ည ဆေးပေါင်းခတဲ့ည) ၇
ညတစ်ည
တစ်နေ့ နေ့ ပေါ့...
17th Nov 2013
When a girl tells you about her problems, it does not mean that she is complaining.
It means she trusts you and share her feelings with you.
Saturday, November 9, 2013
9th Nov 2013
The lessons we learn from pain will always make us the strongest.
Vote for Moe Set Wine for Miss Universe 2013
(၁) ပထမဦးစွာ ဖော်ပြပါ Link ကိုဝင်ပါခင်ဗျာ။
(၂) ထို့နောက် မိုးစက်ဝိုင် ပုံပေါ်လာပါက vote ကိုနှိပ်ပါခင်ဗျာ။
(၃) ထို့နောက် ပုံမှာပြထားတဲ့အတိုင်း email ရိုက်ထဲ့ပါခင်ဗျာ။
(၄) ထို့နောက် Country ဆိုတဲ့ အကွက်ထဲမှာ Myanmar ကိုရွေးချယ်ပါခင်ဗျာ။
(၅) ထို့နောက် Vote Below Scale From 1-10 ဆိုတဲ့အကွက်မှာ 10ကိုရွေးယူပါခင်ဗျာ။
(၆) လေးထောင့်အကွက်မှာပေါ်လာတဲ့အတိုင်း enter the code ဆိုတဲ့နေရာမှာရေးချ ပါခင်ဗျာ။
(၇) 16 နှစ် ပြည့်ပြီးကြောင်း အမှန်ခြစ်ပါ...
(၈) နောက်ဆုံးမှာ vote ကိုနှိပ်ပါခင်ဗျာ။..
http://www.missuniverse.com/members/profile/657643/year:2013
Account တစ်ခုထဲနဲ့ တစ်နေ့ကို ၁၀ ခါ vote လို့ရပါတယ်ခင်ဗျာ။
၁ခါ Vote တိုင်း ၁၀ ကိုရွေးပြီး Vote ရင် ၁ နေ့ကို Mail ၁ခု ချင်းစီမှ
vote ၁၀၀ ရမှာဖြစ်ပါတယ် ခင်ဗျာ။
ဒီလင့်မှ vote အများဆုံးရရင် semifinal မှာ Top 16 ထဲအလိုလိုပါလာမှာဖြစ်ပါတယ်ခင်ဗျာ။
Wednesday, November 6, 2013
6th Nov 2013
I respect those that tell me the truth, no matter how hard it is.
Saturday, October 12, 2013
12th Oct 2013
နင်က အမြဲပဲ အလုပ်တွေများနေတတ်တယ်...
ငါကတော့ အမြဲ နင့်ကိုလွမ်းတဲ့ အလွမ်းတွေများနေခဲ့တယ်...
ရေချိုးခန်းမှန်တံခါးတွေ သန့် ရှင်းသွားဖို့ 
ရေချိုးခန်းမှန်တံခါးတွေ သန့် ရှင်း စင်ကြယ်သွားအောင် ရေမြှုပ်ကို ဗီနီဂါဆွတ်ပြီး နေရာအနှံ့  ပွတ်တိုက်ပေးပါ။
Wednesday, October 2, 2013
ခေါင်းကိုက်ပျောက်အောင်
သံပုရာသီးကို ထက်ခြမ်းခွဲလိုက်ပြီး နဖူးပေါ် ပွတ်ပေးလိုက်ပါ။ တဒုတ်ဒုတ် ကိုက်ခဲနေတာတွေ ယူပစ်သလို ပျောက်သွားလိမ့်မယ်။
Friday, September 13, 2013
Tuesday, September 10, 2013
ကြက်သွန်ဖြူနံ့  ပျောက်ဖို့ 
ကြက်သွန်ဖြူ လှီးပြီးတဲ့နောက် လက်နံတာပျောက်အောင် ဆန်ဆေးရည်ထဲမှာ လက်ကို ခဏစိမ်ထားပြီး ဆေးပါ။ 
ပဲတွေလတ်နေအောင်
သိမ်းထားတဲ့ ပဲတွေ ပိုးတွယ်မှာစိုးရင် ပဲထည့်ထားတဲ့ ပုလင်းထဲ ငရုတ်သီးခြောက် တစ်တောင့် ထည့်ထားပါ။
Saturday, September 7, 2013
7th Sep 2013
My dearest...
When poverty comes in at the door,
love flies out of the window.
Is it right or not?
အချစ်ဆုံး...
ဆင်းရဲနွမ်းပါးမှုတွေ တံခါးဝကို ရောက်လာတဲ့အခါ
ချစ်ခြင်းမေတ္တာတွေ ပြတင်းပေါက်က ထွက်ပြေးကြသတဲ့။
ဟုတ်များဟုတ်နေသလားကွယ်...။
Never there for me
All those times I cried for you, 
You never came.
Out of all the things I value,
You never try to know or ask me once.
All of the dishes I cooked,
I never heard you like.
All those times I needed you,
You never be there.
Thursday, September 5, 2013
ဗိုက်အောင့်ကုထုံး
အစာအိမ်ရောဂါကြောင့် ရုတ်တရက် ဗိုက်အောင့်လာရင် ငှက်ပျောသီးတစ်လုံးကို ညက်ညက်ပါအောင် တဖြည်းဖြည်းဝါးစားလိုက်ပါ။ ဆေးခန်းမရောက်ခင် ဗိုက်အောင့်ပျောက်သွားပါလိမ့်မယ်....
ဒူးရင်းသီးအနံ့ ပျောက်ဆေး
စာပို့ တဲ့အခါ ရေတွေစိုလို့  မပျက်နိုင်အောင်
မိတ်ဆွေသူငယ်ချင်းတွေဆီကို ပစ္စည်းပဲပို့ ပို့ ၊ စာပဲထည့်ထည့် မတော်တဆ ကိုယ်ရေးတဲ့လိပ်စာပေါ် ရေစက်ကျတဲ့အခါ၊ ဒါမှမဟုတ် မိုးရေစိုတဲ့အခါ လိပ်စာပျက်သွားနိုင်ပါတယ်။
ရေးပြီးတဲ့ လိပ်စာပေါ်မှာ ဖယောင်းတိုင်ကိုလှိမ့်ပြီး ဖုံးသုတ်ထားပေးလိုက်မယ်ဆိုရင် ဒီအန္တရာယ်ကို ကာကွယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။
Wednesday, September 4, 2013
Friday, August 23, 2013
23 Aug 2013
The day she let go of the things that were weighing her down was the day she began to shine the brightest.
Thursday, August 15, 2013
15 Aug 2013
လွမ်းစရာရှိရင် နာစရာနဲ့ ဖြေတဲ့
အဲ့ဒီစကားကြားဖူးပေမဲ့...
ငါ့အတွက်တော့
ဒီရင်မှာ
နင့်ကြောင့် နာကျင်ခံစားခဲ့ရတာတွေက သပ်သပ်
နင့်ကို လွမ်းတဲ့ခံစားချက်က သပ်သပ်
အမှတ်မရှိတဲ့ ငါ့နှလုံးသား
ငါ့ကိုယ်ငါတောင် ပြန်မသနားချင်ဘူး....
Thursday, July 11, 2013
သိစရာ၊ တွေးစရာ - ၂
အခု ကိုယ့်စိတ်ထဲမှာ အရေးကြီးလှတယ်လို့ ထင်ပြီး
စိတ်ဆင်းရဲနေရတဲ့ကိစ္စဟာ
နောက်ခြောက်လ၊ နောက်ဆယ်နှစ်လောက် ကြာတဲ့အခါ 
ဘာမှ အရေးမကြီးတော့တဲ့ကိစ္စ ဖြစ်သွားမှာပါ။
ကိုယ့်သဘောထားတွေကလည်း ပြောင်းသွားမယ်။
အဲဒါလေးကို မမေ့ပါနဲ့ ။
(ဆရာတော် ဦးဇောတိက)
သိစရာ၊ တွေးစရာ - ၁
ကိုယ့်ဘ၀မှာ အခက်အခဲတစ်ခု
သို့ မဟုတ် ဒုက္ခတစ်ခုကို ထပ်ခါထပ်ခါ ကြုံနေရရင်
ကိုယ် တစ်ခုခု မှားနေပြီ၊ စိတ်နေသဘောထား ဖြစ်ချင်ဖြစ်မယ်
ပြောပုံဆိုပုံ ဖြစ်ချင်ဖြစ်မယ်၊ လုပ်ပုံကိုင်ပုံ မှားနေတာလည်း ဖြစ်နိုင်တယ်
မလုပ်သင့်တာကို လုပ်နေလို့ ဖြစ်မယ်
မစားသင့်တာကို စားနေလို့ ဖြစ်မယ်
မတွေးသင့်တာကို တွေးနေလို့ လည်း ဖြစ်နိုင်တာပဲ။
ဒုက္ခတွေက အမှားပြင်ပါလို့  
ကိုယ့်ကိုပြောနေတယ်။
(ဆရာတော် ဦးဇောတိက)
Monday, May 13, 2013
13th May 2013
By miles, you are far away.
In my thoughts, you are close.
In my heart, you are always with me.
I miss you so much, my dear.
Happy Mother's Day
Mom...
Over the years, I may not have told you very often.
So, today I want to thank you.
For steering me in the right direction whenever I felt hopeless and lost.
For letting me be ME and making me the person I am today.
Thanks for always being there for me, love me & care me.
No one can ever replace you in my heart.
Mom...You mean the world to me.
I Love You, mom....
"Happy Mother's Day!"
Sunday, April 7, 2013
7th April 2013
မေးချင်တယ်
ဒါပေမဲ့ ငါမမေးရဲဘူး
နင်ငါ့ကို သတိရရဲ့လားလို့ 
ပြောပြချင်တယ်
ငါနင့်ကို ဘယ်လောက်လွမ်းတယ်ဆိုတာကိုပေါ့
Saturday, April 6, 2013
သတိရရမရရ
သတိရရမရရ
ရေး - နေမျိုးဆေး
ဆို - ဖြိုးကြီး
လေညှင်းကလေးကတိုးတိုးကလေးပြောသွားတယ်
မင်းချစ်သူမင်းကိုမေ့ပြီတဲ့
သူသတိရရမရရပေါ့ ကျွန်တော်ကတော့ မေ့လို့ မရပါဘူး
ငှက်ကလေးများက မကြားတကြားလေးပြောသွားတယ်
မင်းချစ်သူမင်းကိုမုန်းပြီတဲ့
သူမုန်းမုန်း မမုန်းမုန်းပေါ့ ကျွန်တော်ကတော့ မုန်းလို့ မရပါဘူး
တစ်လောကလုံးကပြောနေပြီ
မင်းကိုလေ မခံချင်ဘူး
ကိုယ်ဘယ်လို ပြောလိုက်ရမှာလဲ
တစ်လောကလုံးက မေးနေပြီ
ကိုယ့်ကိုလေ မခံချင်ဘူး
ကိုယ်ဘယ်လိုရင်ဆိုင်ရမှာလဲ
အချစ်ကလေးရယ်
ပန်းကလေးများက အချင်းချင်းလှမ်းပြောကြတယ်
ကျွန်တော့်ချစ်သူ သိပ်ရက်စက်တယ်တဲ့
သူရက်စက်စက် မရက်စက်ပေါ့
ကျွန်တော်ကတော့ မရက်စက်တတ်ပါဘူး
[တစ်လောကလုံးကပြောနေပြီ
မင်းကိုလေ မခံချင်ဘူး
ကိုယ်ဘယ်လို ပြောလိုက်ရမှာလဲ
တစ်လောကလုံးက မေးနေပြီ
ကိုယ့်ကိုလေမခံချင်ဘူး
ကိုယ်ဘယ်လိုရင်ဆိုင်ရမှာလဲ
အချစ်ကလေးရယ်] ၂
လမင်းလေးကို အနားကပ်လို့ မေးကြည့်မယ်
ကျွန်တော့်ချစ်သူ တကယ်မုန်းပြီလား
(ကျွန်တော်သူ့ ကိုလေ သိပ်ချစ်တာ
လမင်းရယ်သတိပေးလိုက်ပါဦး)၂
သူသတိရရ မရရ...ကျွန်မကတော့ သတိရနေမယ်ဆိုတာ.........