မြေပြင်ကပျော့ပျော့လေးဆို
ခြေရာလေးများဖြစ်ပေါ်တတ်တာ
မမာနိုင်သော တို့ ရဲ့ အသည်းပေါ်
ခြေရာလေးများရှိနေဆဲပါ
(ဘယ်လောက်ပဲ ရက်လနှစ်ရှည်ကြာ
တိမ်မြှုပ်မသွားတဲ့ဖြစ်ရပ်များ
မမြင်တာမဆုံတာကြာပေမဲ့
ရင်မှာအမြဲတမ်းမင်းရှိတယ်)
တကယ်လို့ များ မင်းနဲ့ တို့ ကို
ကံတရားကရက်စက်လည်း
တကယ်လို့ များ ဝေးသွားကြတောင်
ဘယ်လိုနည်းနဲ့ မုန်းနိုင်မလဲ
အိမ်မက်လေးများချင်း ဆက်သွယ်မယ်
ပြန်လာမယ်ပြောပြီး မမေ့ပါနဲ့ 
မမြင်တာမဆုံတာကြာပေမဲ့
ရင်မှာအမြဲတမ်းမင်းရှိတယ်
အဝေးဆီ
လှမ်းကြည့်လိုက်ရင် မင်းရဲ့ အရိပ်တွေပဲ
အချစ်ရေ
ဖြတ်မရတဲ့ အချစ်နဲ့  ချစ်နေဆဲ
အို ... လွမ်းနေဆဲ
( )
မမြင်တာမဆုံတာကြာသွားလည်း
ရင်မှာအမြဲတမ်းမင်းရှိတယ်
No comments:
Post a Comment