Thursday, November 27, 2014
သက်တန့် တစ်စင်းရဲ့  ဒိုင်ယာရီ Facebook Page
Facebook ဆိုတာကြီး ခေတ်စားလာပြီးနောက်ပိုင်း လူတိုင်းနီးပါး Facebook အကောင့်တစ်ခုဆီတော့ ရှိကြတယ်။ ကိုယ့်မှာ Facebook အကောင့်မရှိရင်ဘူးဆိုရင်ပဲ ခေတ်မမှီတဲ့ ငတုံးလိုမျိုး အထင်ခံရပြီ။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် ခေတ်မှီအောင်ပဲဆိုဆို လူရှိန်အောင်ပဲဖြစ်ဖြစ် Facebook အကောင့်လေးတော့ဖွင့်ထားကြတယ်။ သုံးသုံး မသုံးသုံး သူများမေးရင် ကိုယ်လဲအားကျမခံ ငါ့မှာလဲ Facebook  အကောင့် ရှိတယ်လို့  ပြန်ပြောလို့ ရတာပေါ့နော်။
တစ်ချို့ လဲ Facebook ကို တော်တော်လေးသုံးကြတယ်။
အမြဲတမ်းလိုလို online ပေါ်မှာရှိနေတယ်ပေါ့။
အဲဒီလို Facebook ကြီးတွင်ကျယ်လာတော့ အရင်ကခေတ်စားခဲ့တဲ့ Blogတွေ သိပ်မသုံးကြတော့ဘူး။
ဖတ်တဲ့သူတွေကလဲ Blog တွေကို အချိန်ပေးပြီး သိပ်သွားမဖတ်ကြတော့သလို
ရေးတဲ့ Blogger တွေလဲ Facebook ဘက်ကို ခေတ်ရေစီးနဲ့ အညီပြောင်းပြီးရေးလာကြတယ်။
အဲဒါနဲ့ ကျမလဲ တော်တော်နောက်ကျပြီးမှ Facebook ဘက် ခြေဦးလှည့်လာတယ် ဆိုပါတော့ရှင်။
ကျမက နဲနဲ အစွဲအလမ်းကြီးတော့ တစ်ခုကတစ်ခုပြောင်းဖို့ ကို တော်တော်စဉ်းစား အချိန်ယူလိုက်ရတယ်။
Link လေးကတော့ "https://www.facebook.com/pages/သက်တန့် တစ်စင်းရဲ့  ဒိုင်ယာရီ
/1547732522107860"
ဒီpageလေးမှာ ကျမရဲ့  ခံစားချက်တွေသာမကပဲ ကျမဖတ်မိတဲ့ထဲက ဗဟုသုတဖြစ်စရာလေးတွေ ဖြစ်ဖြစ် စာဖတ်သူတွေကို သိစေချင်တဲ့ အကြောင်းအရာတွေကိုဖြစ်ဖြစ် ပြန်လည်ဝေမျှပေးသွားမှာပါ။
"Sharing is caring" မဟုတ်ပါလားရှင်...
Sunday, November 16, 2014
We never stop loving someone, we simply learn to live without them.
If I really was a bitch, I'd make your life a living-hell.
But instead, I'll just sit back and watch you do it yourself.
Friday, November 14, 2014
What is a man?
A child asked his father: "What is a man?" 
The father replied, "A person who takes responsibility for his family and his house and takes care of them."
Then the child said: "I hope I will be a man like mum one day."
အရင်တုန်းက မကြိုက်ခဲ့တာတွေကိုလည်း ကြိုက်ခွင့်ရှိတယ်။
အရင်တုန်းက ကြိုက်ပြီးသားကိုလည်း မကြိုက်ခွင့်ရှိတယ်။
ဒါပေမဲ့ တစ်ချို့ အရာတွေကျတော့ တစ်ဘ၀လုံးစာ ရွေးချယ်ပြီးသားမို့ ပြောင်းကြိုက်လို့ မရဘူး။