ဆေးပေါင်းခတဲ့ည (၂)
ရေး - မင်းချစ်သူ
ဆို - ဇော်ဝင်းထွဋ်
ဆေးပေါင်းခတဲ့ညပေါ့ကွယ်
ဒီမှာကိုယ့်အနား မင်းရှိနေတယ်
ဒဏ်ရာတွေ အကုန်လုံးအဝေးသို့ လွင့်စင်
ကြင်နာသူအချစ်များ ဆေးဘက်ဝင်
ဆေးပေါင်းခတဲ့ညပေါ့ကွယ်
အာကာပြင်မှာလည်း နက္ခတ်စုံညီတယ်
ဒီကမ္ဘာမြေပေါ်က အချစ်ရဲ့ သစ်ပင်
ရှင်သန်ရင် ထာဝရဆေးဘက်ဝင်
ဝေဒနာတွေ ကုစားပေးမယ့်အချစ်တွေ
ကမ္ဘာမြေတည်နေသမျှ တည်ပါစေ
ဒါဆို ဒီညအတိုင်း အမြဲတို့ ဘ၀ဟာ
ဆေးပေါင်းခတဲ့ည
ကတိသစ္စာများ မြဲတဲ့အခါ
နွယ်ပင်မြက်ပင်တောင် ဆေးဘက်ဝင်တယ်တဲ့
ဒီအစဉ်အလာ ဆိုးရိုးစကားလေးအတိုင်းကွယ်
ကြင်နာသူအချစ်များ အစွမ်းပြတယ်
ဝေဒနာတွေ ကုစားပေးမယ့်အချစ်တွေ
ကမ္ဘာမြေတည်နေသမျှ တည်ပါစေ
စွဲမြဲတဲ့သစ္စာနဲ့  တို့ ဘ၀ဟာ
ဆေးပေါင်းခတဲ့ည
ဆေးပေါင်းခတဲ့ညပေါ့ကွယ်
ဒီမှာကိုယ့်အနား မင်းရှိနေပါတယ်
ဒဏ်ရာတွေ အကုန်လုံးအဝေးသို့ လွင့်စင်
မင်းရဲ့ အချစ်များ ဆေးဘက်ဝင်
ဆေးပေါင်းခတဲ့ညပေါ့ကွယ်
အာကာပြင်မှာလည်း နက္ခတ်စုံညီတယ်
ဒီကမ္ဘာမြေပေါ်က အချစ်ရဲ့ သစ်ပင်
ရှင်သန်ရင် ထာဝရဆေးဘက်ဝင်
(ဆေးပေါင်းခတဲ့ည ဆေးပေါင်းခတဲ့ည) ၇

