Friday, September 13, 2013
Tuesday, September 10, 2013
ကြက်သွန်ဖြူနံ့  ပျောက်ဖို့ 
ကြက်သွန်ဖြူ လှီးပြီးတဲ့နောက် လက်နံတာပျောက်အောင် ဆန်ဆေးရည်ထဲမှာ လက်ကို ခဏစိမ်ထားပြီး ဆေးပါ။ 
ပဲတွေလတ်နေအောင်
သိမ်းထားတဲ့ ပဲတွေ ပိုးတွယ်မှာစိုးရင် ပဲထည့်ထားတဲ့ ပုလင်းထဲ ငရုတ်သီးခြောက် တစ်တောင့် ထည့်ထားပါ။
Saturday, September 7, 2013
7th Sep 2013
My dearest...
When poverty comes in at the door,
love flies out of the window.
Is it right or not?
အချစ်ဆုံး...
ဆင်းရဲနွမ်းပါးမှုတွေ တံခါးဝကို ရောက်လာတဲ့အခါ
ချစ်ခြင်းမေတ္တာတွေ ပြတင်းပေါက်က ထွက်ပြေးကြသတဲ့။
ဟုတ်များဟုတ်နေသလားကွယ်...။
Never there for me
All those times I cried for you, 
You never came.
Out of all the things I value,
You never try to know or ask me once.
All of the dishes I cooked,
I never heard you like.
All those times I needed you,
You never be there.
Thursday, September 5, 2013
ဗိုက်အောင့်ကုထုံး
အစာအိမ်ရောဂါကြောင့် ရုတ်တရက် ဗိုက်အောင့်လာရင် ငှက်ပျောသီးတစ်လုံးကို ညက်ညက်ပါအောင် တဖြည်းဖြည်းဝါးစားလိုက်ပါ။ ဆေးခန်းမရောက်ခင် ဗိုက်အောင့်ပျောက်သွားပါလိမ့်မယ်....
ဒူးရင်းသီးအနံ့ ပျောက်ဆေး
စာပို့ တဲ့အခါ ရေတွေစိုလို့  မပျက်နိုင်အောင်
မိတ်ဆွေသူငယ်ချင်းတွေဆီကို ပစ္စည်းပဲပို့ ပို့ ၊ စာပဲထည့်ထည့် မတော်တဆ ကိုယ်ရေးတဲ့လိပ်စာပေါ် ရေစက်ကျတဲ့အခါ၊ ဒါမှမဟုတ် မိုးရေစိုတဲ့အခါ လိပ်စာပျက်သွားနိုင်ပါတယ်။
ရေးပြီးတဲ့ လိပ်စာပေါ်မှာ ဖယောင်းတိုင်ကိုလှိမ့်ပြီး ဖုံးသုတ်ထားပေးလိုက်မယ်ဆိုရင် ဒီအန္တရာယ်ကို ကာကွယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။
Wednesday, September 4, 2013