Thursday, July 11, 2013

သိစရာ၊ တွေးစရာ - ၂

အခု ကိုယ့်စိတ်ထဲမှာ အရေးကြီးလှတယ်လို့ ထင်ပြီး
စိတ်ဆင်းရဲနေရတဲ့ကိစ္စဟာ
နောက်ခြောက်လ၊ နောက်ဆယ်နှစ်လောက် ကြာတဲ့အခါ 
ဘာမှ အရေးမကြီးတော့တဲ့ကိစ္စ ဖြစ်သွားမှာပါ။
ကိုယ့်သဘောထားတွေကလည်း ပြောင်းသွားမယ်။
အဲဒါလေးကို မမေ့ပါနဲ့ ။

(ဆရာတော် ဦးဇောတိက)

သိစရာ၊ တွေးစရာ - ၁

ကိုယ့်ဘ၀မှာ အခက်အခဲတစ်ခု
သို့ မဟုတ် ဒုက္ခတစ်ခုကို ထပ်ခါထပ်ခါ ကြုံနေရရင်
ကိုယ် တစ်ခုခု မှားနေပြီ၊ စိတ်နေသဘောထား ဖြစ်ချင်ဖြစ်မယ်
ပြောပုံဆိုပုံ ဖြစ်ချင်ဖြစ်မယ်၊ လုပ်ပုံကိုင်ပုံ မှားနေတာလည်း ဖြစ်နိုင်တယ်
မလုပ်သင့်တာကို လုပ်နေလို့ ဖြစ်မယ်
မစားသင့်တာကို စားနေလို့ ဖြစ်မယ်
မတွေးသင့်တာကို တွေးနေလို့ လည်း ဖြစ်နိုင်တာပဲ။
ဒုက္ခတွေက အမှားပြင်ပါလို့  
ကိုယ့်ကိုပြောနေတယ်။

(ဆရာတော် ဦးဇောတိက)